Hello friends.
These days, vendors selling meat, fish and vegetables are regularly coming to the village where I live.
So we can buy meat and fish again and eat them.
It can't be by mourning the earthquake.
We have to continue to do what we have to do and eat what we have to eat, right?
Today, I bought chicken and would like to share with you how it was fried.
Let's call it fried bleary-chicken.
First, I cleaned the chicken pieces with water and boiled them with minced ginger and garlic, turmeric powder, salt, curry powder, and a little oil. I Boiled the chicken with a little water until the water evaporated.
Then, the cooked chicken pieces were decoraticated into small pieces.
Then, add the shredded chicken pieces to the pan of boiling peanut oil and fry them.
When the chicken pieces are crispy, transfer them to a plate.
Then, add the minced garlic to the pan with the peanut oil in which the chicken was fried and fry it.
When the garlic is crispy, take it out and besprinkle it into the plate with the fried chicken.
Then we can eat the fragrant and crispy fried bleary-chicken.
This fried chicken was specially prepared for my daughter.
Parents are always happy to see their children eating well, right?
မင်္ဂလာပါ မိတ်ဆွေတို့ရေ။
ယခုရက်ပိုင်းမှာတော့ ကျွန်တော် နေထိုင်သည့် ကျေးရွာဘက်သို့ သားငါးနှင့်ဟင်းသီးဟင်းရွက်ရောင်းချသောဈေးသည်များ ပုံမှန် လာရောက်ကာ ရောင်းချနေကြပါပြီ။
ဒီတော့ ကျွန်တော်တို့လည်း သားငါးတွေကို ပြန်လည် ဝယ်ယူ စားသုံးနိုင်နေပါပြီ။
ငလျင်ဒဏ်ခံရပြီး ဝမ်းနည်းပူဆွေးနေရုံဖြင့် မရပါ။
ကျွန်တော်တို့ ဆက်လက်ရှင်သန်ဖို့ လုပ်စရာရှိတာတွေ ဆက်လုပ်ပြီး စားစရာရှိတာတွေ စားကြရမည် ဟုတ်တယ်မလား။
ဒီနေ့တော့ ကြက်သား ဝယ်ယူခဲ့ပြီး ကြော်စားဖြစ်ပုံကို မျှဝေပေးပါရစေ။
ကြက်မွကြော် ဟုပဲ အမည်ပေးလိုက်ပါရစေ။
ပထမဦးစွာ ကြက်သားတုံးများကို သန့်ရှင်းအောင် ရေဖြင့် ဆေးကြောပြီး ထုထောင်းထားသော ဂျင်း နှင့် ကြက်သွန်ဖြူ၊ နနွင်းမှုန့်၊ ဆား၊ ဟင်းခတ်အချိုမှုန့် နှင့် ဆီအနည်းငယ် ထည့်ကာ ပြုတ်လိုက်ပါတယ်။
ရေအနည်းငယ်ဖြင့် ရေကို ခန်းသွားအောင် ကြက်သားကို ပြုတ်ခဲ့ပါတယ်။
ထိုနောက်တော့ နုအိနေအောင် ပြုတ်ထားသော ကြက်သားတုံးများကို သေးငယ်သောအမျှဉ်များ အဖြစ် နွှာလိုက်ပါတယ်။
ပြီးတော့ နွှာထားသော ကြက်သားများကို ပွက်နေသော မြေပဲဆီ ဒယ်အိုး ထဲသို့ ထည့်ကာ ကြော်လိုက်ပါသည်။
ကြက်သားအမျှဉ်များ ကြွပ်ရွလာသောအခါ ပန်းကန်ပြား ထဲသို့ ဆည်ထည့်လိုက်ပါသည်။
ထိုနောက် ထို ကြက်သားကြော်ထားသော မြေပဲဆီဒယ်အိုး ထဲသို့ ထုထောင်းထားသော ကြက်သွန်ဖြူများကို ထည့်ကာ ကြော်လိုက်ပါသည်။
ကြက်သွန်ဖြူကြော်များ ကြွပ်ရွလာသောအခါ ဆည်ယူကာ ကြက်သားကြော်ပန်းကန်ပြား ထဲသို့ ဖြူးလိုက်ပါသည်။
အဲဒီနောက်တော့ မွှေးပျံ့ကြွပ်ရွနေသော ကြက်သားမွကြော် ကို စားလို့ရပါပြီ။
ဒီ ကြက်သားမွကြော် ကို ကျွန်တော်၏ သမီးငယ် အတွက် အထူးစီမံထားခြင်း ဖြစ်ပါသည်။
မိဘ ဆိုသည်မှာ သားသမီးတွေ ကောင်းကောင်းမွန်မွန် စားကြရသည်ကို မြင်ရလျှင် ကြည်နူးပျော်ရွှင်နေတတ်သည် ဟုတ်တယ်မလား။