ဂွေးတောက်ရွက်ကြော် စားဖူးကြလား

in HIVE-MYANMAR2 months ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ။
စိတ်တွေက တောင်ရောက်မြောက်ရောက် အားလပ်ချိန်က မယူတော့ မရှိနဲ့ ဒီမှာ ပုံမှန်ပို့်စ်တွေ မတင်ဖြစ်နေပါဘူး။
ဒါက ကောင်းတဲ့ ပျက်ကွက်မှုနော့ မဟုတ်သေးပါဘူး။
ဒါကြောင့်သာပဲ အားခဲပြီတော့ ဒီနေ့ အရောက်လာခဲ့ပါတယ်။

ဒီနေ့ ဖော်ပြတာက ဒီရက်ပတ်အတွင်း စားဖြစ်ခဲ့တဲ့ ဂွေးတောက်ရွက်ကြော်ပါ။

ဂွေးတောက်ရွက်ကြမ်းတွေကို ခူးပြီး ရေဆေးကာ ကပ်ကြေးဖြင့် သေးသေးညှပ်လိုက်ပါတယ်။
ပြီတော့ မုန့်နှစ်ဖြင့် ရောနယ်လိုက်ပါတယ်။

ထိုနောက်တော့ ဆီဒယ်အိုး ထည့်ကာ အချပ်လိုက် ကြော်ခဲ့ပါတယ်။


ဂေးတောက်ရွက်ပေါင်းကြော် ကျက်ပြီဆိုတော့ သားနှင့်သမီးက ရှေ့ဆုံးက အားပေးးကြပါတယ်။


ဒီလို ဂွေးတောက်ရွက်ကြော်မျိုးက တော်ရုံလူ စားဖူးကြမှာ မဟုတ်ပါဘူး။
အချို့က ရွက်ကြမ်းဆိုတော့ ခါးမယ် ထင်ကြပါမယ်။
တကယ်က ကြွပ်ရွလို့ စားကောင်းပါတယ်။

https://vt.tiktok.com/ZSXfn1aDu/

ဂွေးတောက်ရွက်ကြော် TikTok မှာ ပြထားတာလေး အားပေးသွားကြပါဦး။

Sort:  

!PIZZA

untitled.gif

အကြော်ပုံစံမျိုးတော့ တခါမှ မစားဖူးဘူး။ ပဲနှင့်ရောပြီး ဟင်းရည်သောက်ပဲ ချက်စားဖြစ်တယ်။ နောက်မှ အကြော်ပုံစံ လုပ်စားကြည့်ဉီးမယ်။

!PIZZA

ဂွေးတောက်တစ်ပင်လုံး လွှတ်ပစ်စရာမရှိအောင် လုပ်စားဗျာ

PIZZA!

$PIZZA slices delivered:
nupulse tipped tin.aung.soe
@myanmarkoko(4/5) tipped @tin.aung.soe

Join us in Discord!