အားလုံး မင်္ဂလာပါ။
ဘာလီမှာ ညစာစားဖို့ ဘဲ အကြွတ်ကြော်ဆိုင်လေး ရောက်ဖြစ်ခဲ့တယ်။ ဘဲသား အကြွတ်ကြော်ထားတာ ဒီတစ်ခါမှ စားဖူးတယ်။
ဆိုင်နာမည်ပေးထားတာက Dirty Duck Dinner တဲ့။
ဆိုင်နာမည်ရပုံရလဲ ဇတ်လမ်းနဲ့၊ ဆိုင်ပိုင်ရှင်က ဆိုင်ဖွင့်မယ်လုပ်တော့ ဆိုင်နာမည်မပေးတတ်ဘူးဖြစ်နေတယ်၊ အဲဒါနဲ့ တစ်ညနေခင်းမှာ ရွံ့တွေနဲ့ ပေကျံနေတဲ့ ဘဲတစ်အုပ်ကိုတွေ့လို့ Dirty Duck လို့ ဆိုင်နာမည်ပေးဖြစ်သွားတာတဲ့။
ဒီမှာရောက်တုန်း တိုးဂိုက်ဆီကနေ အင်ဒိုနီးရှားစကားတချို့ တတ်ခဲ့တယ်။
Salamark Pargi - good morning
Salamark shung - good afternoon
Salamark malarm - good night
Thank you - Terimakasih
Sarong - ထမိန်
Udeng - ခေါင်းပေါင်း
သူတို့နိုင်ငံ အကြောင်းလည်း သိခွင့်ရခဲ့တယ်။
- သူတို့နိုင်ငံ မြို့တော်က ဂျာကာတာကနေ Nusantara ကိုလာမယ့် သူ့တို့ရဲ့ လွတ်လပ်ရေးနေ့ Aug 17 မှာ ပြောင်းတော့မှာဖြစ်ပါတယ်။ Kalimantan province ထဲမှာပါ။ မြန်မာပြည်က မြို့တော်ကို ရန်ကုန်ကနေ နေပြည်တော်ကို ပြောင်းသလိုပါ။
အားလုံးကျန်းမာ ချမ်းသာကြပါစေ။
@princekham
8th May 2024
Myanmar