ကိုယ်တိုင်လုပ် ယိုးဒရားဖက်ထုပ်

in HIVE-MYANMAR10 days ago

ယိုးဒရားဖက်ထုပ် လုပ်မည်ဆိုလျှင် လိုအပ်သည့် ပစ္စည်းများကတော့ ကောက်ညှင်းဆန်၊ ငှက်‌ပျောရွက်၊ ထန်းဖူးရွက်၊ အုန်းသီး၊ မြေပဲဆန်၊ သကြား၊

ကောက်ညှင်းဆန်အား ရေစိမ်ပြီး ရေသန့်စင်အောင် ဆေးကြောပေးရပါသည်။ ထိုနောက် ကျိတ်ဆုံဖြင့် ကောက်ညှင်းဆန်ထည့်ကာ လည့်ပေးရသည်။ အရည်မပျစ်မကြဲ အနေထားဖြင့် လည့်ပေးရပါသည်။ ၎င်းအနေထားကို နှစ်ခါပြန်ကျိတ်မှ ပိုနုစေပါသည်။

ကျိတ်ပြီးမုန့်နှစ်များကို ခဏ ရေပြန် စစ်ထားပြီး အခဲများဖြစ်စေခဲ့ပါသည်။ အလုံးလေးများရရှိရန် အခဲများကို နာနာနှယ်ပေးရပါသည်။ အလုံးလေးများထဲတွင်ထည့်ရန် ဌာပနာ အဖြစ် အစာသွတ်ရန် အုန်းသီး၊ သကြား၊ မြေပဲဆန်ထောင်းနှင့် ထန်းလျက်တို့အား ရောပြီး နယ်ပေးရပါသည်။

ရရှိလာသည့် အလုံးလေးများအတွင်းသို့ ဌာပနာများထည့်ကာ ငှက်ပျောရွက်ဖတ်ပေါ်၌ ဆီအနဲ့ငယ်သုတ်လိမ်းပြီး အလုံးထည့်ကာ တုတ်တံလေးနှင့် အလုံးမထွက်စေရန် ထိုးရပါသည်။ ၎င်းမုန့်ထုပ်ကို ယိုးဒရားဖက်ထုပ်ဟုခေါ်ပါသည်။ သင်တို့ရော ဒီမုန့်ထုပ်ကိုမြင်ရင် ဘယ်လိုခေါ်လဲ။ အမည်နောက်တစ်မျိုးရှိရင် ပြောပြပါလား။ ဒေသတွေ မတူတာကြောင့် အခေါ်ဝေါ်များ ကွဲလွဲနိုင်ပါသည်။

မုန့်ထုပ်များကို အိုးတစ်အိုးထဲ ပေါင်း ထည့်ကာ 45 မိနစ် နေလျှင်ရပါပြီ။ သားနှင့်သမီးသည် ယိုးဒရားဖတ်ထုပ် အလွန်ကြိုက်ကြပါသည်။ပြုံးပျော်ပြီး စားနေသည့် သားနှင့် သမီး အားကြည့်ရင်း ကြည်နူးမိပါသည်။

စားကောင်းသည့် ယိုးဒရားဖတ်ထုပ်အား လုပ်စားနိုင်ရန် ရည်ရွယ်ရေးသားလိုက်ရပါသည်။

Sort:  

Congratulations you have been manual curated and upvoted by @ecency

Thank you 🙏

ဖက်စိမ်းလေးတွေနဲ့ စားချင်စဖွယ်။
!PIZZA
!MEME

ကျေးဇူးပါ

PIZZA!

$PIZZA slices delivered:
@htwegyi(1/10) tipped @myintmo.shweyi

Come get MOONed!