သင်္ဘော ကော်ဖီ။

in HIVE-MYANMAR2 days ago

အိမ်မှာ သင်္ဘောပင်များ စိုက်ပျိုးထားသည်။
သင်္ဘောပင်ဟု ဆိုသည်နှင့် ဟိုယခင်က
ထိုအပင်အကြောင်း ကျွန်တော်ရေးသားခဲ့ဖူးသည်။
သင်္ဘောပင်အကြောင်းရေးရတာ ယခုပါနှင့်ဆို
ပိုစ့် သုံးလေးခုခန့်ရှိပေမည်။ မတက်နိုင်ဘူး
ပိုစ့်ရဖို့အတွက် ရှာကြံရေးရတော့ ထပ်ချင်လည်း
ထပ်နေမလားမသိပေ။

သင်္ဘောပင်နဲ့ ပတ်သက်လို့ ကျွန်တော်မှာ
အခံရခက်ခဲ့သည့်အကြောင်း ရေးသားပြီး
ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်နှစ်‌ ကျော်ခန့်က
သင်္ဘောပင် သုံးပင်စိုက်ခဲ့သည့်အကြောင်း
ရေးခဲ့သည်။ ထိုသုံးပင်က ကြီးထွားလာပြီး
အပင်ကြီးများဖြစ်လာပါသော်လည်း အသီး
လုံးဝမသီးပေ။ အပွင့်များက ထွက်သလိုလို
မထွက်သလိုလိုနဲ့ မြေပေါ် ကြွေကျကာ မျှော်သာမျှော်
ပေါ်မလာသော သင်္ဘောသီးများဖြစ်ခဲ့ပေ
သည်။

ထိုကြောင့် သင်္ဘောပင်ကို အနည်းငယ်စိတ်နာ
ချင်သည်။ စိတ်နာပေသိ ဒီ သင်္ဘောပင်ဆိုသည်ကလည်း
အတော်ပေါက်လွယ်သော အပင်မျိုး
ဖြစ်သည်။ သင်္ဘောသီးစားပြီး အစေ့များပစ်ထား
လိုက်ပါမူ အစီအရီ အုပ်စုလိုက် အပင်ပေါက်လေး
များက ထွက်ပေါ်လာသည်။ ဒီတော့ ကိုယ်တွေလည်း
မနေနိုင်ပြန်ရကာ အပင်ပေါက်လေးများကို
ယူ၍ မြေလွတ်ရှိရာသို့ သွားစိုက်မိပြန်သည်။

ဒီတခါတော့ အကို တာယာပွကြီးပါ သင်္ဘောပင်
ပေါက်လေးများကို စိုက်ပျိုးသည်။ ခြံဘေးနှင့် ခြံအတွင်း
မြေလွတ်မှာ စိုက်ပျိုးကြသည်။ ခြံအတွင်း
အကိုတာယာပွကြီး စိုက်သော သင်္ဘောပင်မှ
အသီးလေးများ သီးလာသည်။ ဒီတော့ ပွကြီးတို့က
သူစိုက်သော အပင်မှ အသီး သီးသဖြင့် ပြောမဆုံး
တော့ပေ။

ခြံပြင်နှင့် ခြံအတွင်းပေါက်သော သင်္ဘောပင်
များက အဖိုပင်နှင့် အမပင်နှစ်မျိုးပေါက်လေသည်။
အဖိုပင်မှ သင်္ဘောပွင့်များက မွှေးပျံသည်။
ညအချိန် နေ့အချိန်များမှာ သူ့ရနံ့ကို ရှူရသည်က
တမျိုးထူးခြားသည်။ အဖိုပင်မှ အပွင့်များကို
ခူး၍ ပြုတ်ကာ ငံပြာရည်ချက်ဖြင့် တို့မြုပ်စားသည်။
ခါးသက်သက်ဖြင့် စားကောင်းပါသည်။

သင်္ဘောပင်အဖို၏ အရွက်များက ဆေးဖက်
ဝင်သဖြင့် အရွက်ကို လာရောက် တောင်းယူကြသည်။
ထိုသို့ အရွက်တောင်းသူများမှ မိန်ကလေးနှစ်ဦးသည်
ကျေးဇူးတင်သဖြင့် အမေ့အတွက် ကော်ဖီထုတ်နှင့်
မုန့်ထုတ်များပေးသွားသည်။ ထိုကြောင့် အမေက
သင်္ဘောပင်များကို ကြည့်၍ သင်္ဘောရွက်ကနေ
ကော်ဖီနဲ့ မုန့်စားရတယ်။ မင်းတို့ သင်္ဘောသီးကတော့
ဘယ်အချိန်မှည့်မယ်၊ စားရမယ်
မသိသေးဘူး။ ဟူ၍ ပြောပါလေသည်။

@htwegyi
December 9, 2025

Sort:  

ဟုတ်ပေသည်ပေါ့ !LOLZ
!HUG

ဟုတ်ပေ့ဗျာ။

သီးပင်စားပင် ရှိတော့ ကောင်းတာပေါ့။ အသီးမသီးပေမယ့် အရွက်က အကျိုးပြုတော့ ကော်ဖီ သောက်ရ။

သင်္ဘောပန်းပွင့်ရဲ့ အနံ့ကဘယ်လိုမျိုးလည်း မခံစားဖူးသေးဘူး။ နောက်များ ကြုံရင် ခံစားကြည့်ဖို့ အသိတိုးလာပြီး။ သင်းပျံ့တဲ့ ရနံ့ဆိုရင်တော့ ကြိုက်တယ်။

!PIZZA

PIZZA!

$PIZZA slices delivered:
@myanmarkoko(3/5) tipped @htwegyi

Please vote for pizza.witness!