ထမင်းစား အပတ်ပြည့်မှာမို့

in HIVE-MYANMAR4 days ago

ဆင်းရဲသားတွေက အမိအရ အဝအပြဲစားပစ်တာ။
ချမ်းသာသူတွေက တို့ကနန်း စိတ်ကနန်းသာ စားတာ။
အဲ့ဒီတော့ ဘာဖြစ်လဲ။ ဘာမှ မဖြစ်ပါဘူး ဒီလိုပဲ
စဉ်းစားမိတာပါ။ ဆင်းရဲသားလည်း ပါးစပ်ပေါက်ကြီးနဲ့။
သူဌေးဆိုသူလည်း ပါးစပ်ကြီးတွေနဲ့ပေါ့။
သို့ပေသိပေါ့ဗျာ အစားအသောက် စားကြတဲ့အခါ
အဲ့သလိုမျိုးဖြစ်နေကြတာကလား။ ဖြစ်ဆို
ကိုယ်တွေ ဆင်းရဲသားများက အလုပ်ကို ပင်ပန်စွာ
လုပ်ပြီးသကာလ ဝမ်းမီးကောင်းသပ။ ဒီတော့
အလုပ်ကို အင်းတိုက် အားတိုက် လုပ်ရပြီး
အစာ စားတော့လည်း အင်တိုက် အားတိုက်
စားကြတာပေါ့။

ချမ်းသာသူများအဖို့ နေရိပ်ထဲမှာ နေသည့်အပြင်
အအေး အလုံးခန်းများ လုပ်ကိုင်ကြသည်။
အစားအသောက် စားသည့်အခါမှာလည်း
ထမင်းကို သူရို့က ဟုတ်တိ ပတ်တိ မစားကြပေ။
အခြား အမျိုးမျိုးသော အစာအစားများကို
စားကြသဖြင့် ဆင်းရဲသားနှင့် ချမ်းသာသူ၏
စားသောက်မှု စတိုင်က အဲ့သလိုကွာခြားခြင်း
ဖြစ်ပေမည်ဟု ထင်မိပါသည်။
ကိုယ်တွေ စာရေးလုက်သားဘဝက အဖြစ်
အပျက်လေးတခု ပြန်၍ သတိရမိသည်။ မီးရထား
အလုပ်သမားများကို ဆန်ရောင်းချ ပေးရသည့်အခါ
ကိုယ်ခင်မင်သော အလုပ်သမားကြီး၏ ဇနီးကို
ဆန်ရောင်းပေးဖူးသည်။ ကိုယ်တွေက သူရို့ကို
ခင်မင်သဖြင့် ဆန် အရောင် ဖွေသော နူးညံ့သော
ဆန်ကို ချိန်ပေးသည်။ အလုပ်သမားကြီး၏
ဇနီးက ပြုံးပြီး။

"အမလေး အဲ့ဆန်တော့ မပေးပါနဲ့။ ဟိုဖက်က
ငစိန်ဆန်သာ ထည့်ပေးစမ်းပါ ကိုထွေးရယ်"

"ဟာ မစန်းပြည့် ကလည်း ဒီဆန်က ကောင်းတာမို့
ဆန်ကောင်းလေး ရွေးပေးတာလေ။ ဘာကြောင့်
မယူချင်ရတာလဲ"

" ဒီဆန်ကောင်းလေး စားချင်ပေသိ။ ဟို ငစိန်ဆန်
သာထည့်ပေးပါတော်။ ငစိန်ကမှ နောက်လအတွက်
ထမင်းစားရတာ အလျှင်မီတာ။ ဒီ ဆန်ကောင်းသာ
စားရရင် နောက်လ ဆန်ပေးတဲ့အချိန်ထိ
ဆန်က အစားမခံလို့ပါတော်"

"အော် အဲ့သလိုလား။ မသိလို့ပါဗျာ ကိုယ့်လူတွေ
ဆန်ကောင်းလေး စားစေချင်လို့ပါ"

"တော့် စေတနာ နားလည်ပါတယ်။ ကျေးဇူးလည်း
တင်ပါတယ်။ ငစိန် ကမှ ထမင်းစားအပတ်ပြည့်မှာမို့"

တခါတရံ ကိုယ်တွေ အလှမ်းမမီသော မသိသေးသော
အရာများက ရှိနေပေသည်။ ယနေ့ အိမ်မှာ
မုန့်ပြားသလက် လုပ်စားသည်။ ထိုမုန့်ပြားသလက်
ကလည်း ဆန်ဟောင်း၊ ဆန်ကြမ်း၊ ဆန်ကွဲ ကိုသာ
အမှုန့်ကြိတ်ပြုလုပ်ပါလျှင် မုန့်က ပို၍စားကောင်း
သည်ဟု အမေက ပြောပြထားဖူးသည်။

@htwegyi
June 20, 2026

Sort:  

အပတ်ပြည့်လည်အောင်တော့ စားနေနိုင်ဆဲ မဟုတ်လား။
!LOLZ
!PIZZA

ခုထိတော့ အပတ်ပြည့်နေတုန်း။