မိုးရာသီမှာ သစ်ပင်စိုက်ပါ။ ယခု မိုးရာသီက
မိုးဦးစောသည်ဟု ထင်ပါသည်။ ခြောက်လပိုင်း
မှ စ၍ ကိုးလပိုင်းအထိ သစ်ပင်စိုက်ပျိုးသောလ
များဟု မှတ်သားရသည်။ ကျွန်တော်တို့ခြံဝင်းက
အနည်းငယ်ကျယ်သဖြင့် သစ်ပင်လေးများ
စိုက်ပျိုးနိုင်သည်။ အထူးသဖြင့် သီးပင်၊ စားပင်
များကို စိုက်ပျိုးဖို့ ကျွန်တော်က အားသန်သည်။
အမကတော့ ပန်းပင်များစိုက်ပျိုးသည်။ ခြံအတွင်း
ပဲပုစွန်သီးပင်များလည်း စိုက်ပျိုးကာ ပဲစင်ဆောက်
ပေးထားသည်။
ကျွန်တော်တို့ခြံက ကျယ်သည်ဟု ပြောပါရင်။
အမှန်တကယ် ခြံစိုက်ပျိုးသူများက သိပါမူ ရီစရာ
ဖြစ်ပေမည်။ ကိုယ်တွေအနေဖြင့် သစ်ပင်အနည်းငယ်
စိုက်ပျိုးရနေပါသဖြင့် ကျယ်ဝန်း
သည်ဟု ပြောနိုင်ပေသည်။ သစ်ပင်များ စိုက်
လွန်းအားကြီး၍ နောက်ထပ် အပင်များစိုက်ရန်
နေရာပင် ခက်ခဲလာပေသည်။ သစ်ပင်များက
ငယ်တုန်မှာတော့ တပင်နဲ့ တပင်အကွာအဝေးက
မသိသာပေသိ။ ကြီးထွားလာသည့်အခါ အပေါ်ပိုင်း
တွင် သစ်ပင်များက သူရို့အကိုင်းအခက်များဖြင့်အချင်းချင်း
လေ၊ နေ ရရန်အလုအယက် တိုးဝှေ့
နေရာ ယူလာကြသည်။
ခြံအပြင်ဘက်မှာ စိုက်ထားသော ဗာဒံပင်များ၏
အကိုင်းများကို အမက ခုတ်ပစ်သည်။ ဗာဒံပင်အောက်ရှိ
တရုတ်စကားပင်၊ ခရမ်းကစောပင်
နှင့် ငရုပ်ပင်များ နေရောင်ရရန်အတွက်ဖြစ်သည်။
တူမ ဖြစ်သူက ဗာဒံပင်ခုတ်သဖြင့် သူ့အမေကို
ဆူပါလေသည်။
"အမေတို့က ဘာမှန်းမသိဘူး။ ဗာဒံပင်ကို
ဘာဖြစ်လို့ခုတ်ရတာလဲ။ သူဟာသူ နေတာကို"
"ဟောတော ညည်းအပင်က ငါ့အပင်လေးတွေကို
မိုးထားလို့ နေရောင်ရအောင် ခုတ်ရတာလေ"
"နောက် မခုတ်နဲ့။ ဗာဒံဆိုတာ ဘဏ္ဍာပဲ။ ငွေဝင်
တယ် လာဘ်ရတယ်တဲ့"
"အော် အဲ့သလိုလား သိပေါင်။ ငါသိတာက
ဗန်နာ တဲ့ အနာပါလို့ မစိုက်ကောင်းဘူးဆိုလား။
ဒါကြောင့် ငါက ခုတ်ထာ"
"အမေနဲ့တော့ ခက်ပ။ ဘဏ္ဍာပင်လေးတွေမို့
တကူးတက ပျိုးတောင်ထားတာ"
"ဟေး အဲ့ ဗန်နာပင်ပေါက်တွေ ညည်းပျိုးထားတာလား။
အံ့ဩပါအေ့ ဗန်နာပင်ပေါက်များ ဘယ်နား
သွားတူးတူး ပေါသမှ အောချရပါ"
သူရို့ သားအမိ ပြောဆိုနေသည်ကို နားထောင်ရင်း
ကျွန်တော်သည် ပြုံးမိသည်။ ထိုနောက်
ကျွန်တော် စိုက်ထားသော သင်္ဘောပင်ကို
ကြည့်နေမိသည်။ သင်္ဘောပင်သည်က အသီး
မသီးပဲ သေသွားသည်မှာ နှစ်ပင်ရှိပေသည်။
ယခုကြည့်နေသော အပင်က နောက်ဆုံးလက်ကျန်အပင်
ဖြစ်သည်။ ထိုနောက်ဆုံး လက်ကျန်ပင်ကို
ယူကျူမှာ ကြည့်၍ အသီး သီးရန်ပြုလုပ်ထားသည်။
YouTube မှာတော့ အသီးမသီးသော သင်္ဘောပင်
ကို အသီးသီးအောင် ရိုက်ပြထားသည်။ သူပြ
ထားသည့်အတိုင်း ပြုလုပ်ပါသော်လည်း
ဘာတွေလိုအပ်ချက် ရှိသည်မသိပေ။ ကျွန်တော်၏
သင်္ဘောပင်သည်က တဖြည်းဖြည်းနဲ့ ကိစ္စတုန်း
ပေတော့မည်။ ဒီအပင် မသီးလည်း နောက်တပင်
ပေါ့ဟု စိတ်ကူးကာ သေသွားသော အပင်များ
နေရာမှာ နောက်တပင် ထပ်မံစိုက်ထားသည်။
သင်္ဘောပင်များသည်က မြင်ရတာ။ ရီစရာကောင်း
ပေမလားမသိပေ။ တပင်က ပတ်တီးစည်းထား
သည့်အပင်အိုဖြစ်သလို။ မည်သည့်အချိန် ဘုံဘုံကျ
တုန်လုံးလဲမည်မသိ။ ဘေးအနီးမှ သင်္ဘောပင်ပျို
သည်က ငွားငွားစွင့်စွင့် ဖားဖားလွင့်လျှက် လေယူ
ရာတိမ်ကာ နေပေသည်။ တရားသဘောနဲ့
ကြည့်ပါမူလည်း တရားရစရာပေါ့လေ။
သင်္ဘောပင်များ၏ ဘေးမှာ စိုက်ခင်းလေးရှိသည်။
ချဉ်ပေါင်ပင်နဲ့ ကန်စွန်းခင်းဖြစ်သည်။ ထို ချဉ်ပေါင်
နဲ့ ကန်စွန်းခင်းကို ဘောင်ကွပ်ထားသည်က။
မြန်မာပြည်မြောက်ဖျားမှ ရောက်ရှိလာသော
ကျောက်စိမ်းများဖြစ်ပေသည်။ ကျောက်စိမ်း
ဖြတ်စများနဲ့ စိုက်ခင်းကိုကြည့်၍ အတွေးရပြန်သည်။
ခုနေ စစ်ဖြစ်၍ စားစရာ ရှားပါးပါမူ ကျောက်စိမ်း
ယူမလား၊ ချဉ်ပေါင်၊ ကန်စွန်းယူမလားဟု
ဆိုလာပါမူ မိတ်ဆွေတို့ ကြိုက်တာကို
ယူကြပါလေ။
@htwegyi
July 22, 2025