အလွမ်းစိန်ပန်း။

in HIVE-MYANMAR16 days ago

ကျောင်းဖွင့်ချိန် စိန်ပန်းတွေလည်း မြေမှာကျဲပြန့်နေ။
စိန်ပန်းပြာ ပန်းမြို့တော်ဝယ် ဆိုတော့ကာ။
စိန်ပန်းနီ မန်းမြို့တော်ဝယ် ဆိုရမလား။
ကောင်းကင်မှာ မိုးသားများက မဲသလိုလို။
ဖြူသလိုလို၊ အဖြူပျက်အရောင်နဲ့ တိမ်စိုင်များက
အနောက်မှ အရှေ့၊ မြောက်မှ တောင်သို့ လွင့်မျော
နေသည်။ အဆိုပါ မိုးတိမ်များအောက်မှာ
စိန်ပန်းနီများက ရဲရဲနီစွာ ပွင့်နေသည်။

ရဲရဲနီနေသော စိန်ပန်းပွင့်နှင့် စိန်ပန်းပင်ကို
ကြည့်ရသည်က မျက်စိနှင့် စိတ်ကို ပီတိဖြစ်
စေသည်။ နေရောင်ကို မိုးသားများက ဖုန်းကွယ်၍
ပတ်ဝန်းကျင်က နေရောင်၏ အပူရှိန်မရှိ၍
တမျိုးနေကောင်းသည်။ မိုးမရွာပဲ မိုးအုံ့ပြီး
လေကလေးတဖြူးဖြူးတိုက်နေပါမူ အင်မတန်
နေ၍ကောင်းသည်။ နေရောင်နှင့် လုပ်ကိုင်
စားသောက်သူများအဖို့ မည်သို့နေမည်မသိ။
ကိုယ်တွေကတော့ မိုးအုံ့နေပါမူ ရာသီဥတု
ကောင်းသည် နေလို့ ထိုင်လို့ ကောင်းသည်ဟု
မှတ်ချက်ပြုသည်။

ထိုသို့သော ရာသီဥတုမှာ နီနီရဲရဲ စိန်ပန်းပွင့်များ
ဖြင့် ပေါင်းစပ်မှုပြုသည့်အခါ လွမ်းသလားလို့
ဆိုပါမူ လွမ်းစရာအရွယ်က လွန်ချေခဲ့သည်။
လွမ်းတော့ လွမ်းချင်သား။ အလွမ်းဆိုသည့်အရာက
သတ်မှတ်ချက်ထားသလား။ ဘယ်အချိန်၊
ဘယ်ကာလ၊ ဘယ်အရွယ်မှာ လွမ်းဟု
သတ်မှတ်ချက်မရှိဟု ထင်ပါသည်။ အလွမ်း
ဆိုသည့်အရာကလေး မည်သည့်အချိန်မှာ
ရောက်လာတတ်သည်ကိုလည်း ဂရုမထားမိပါ။

သို့ပေသိ အလွမ်းနှင့် ကင်းဝေးသူက ရှားပါးသူပင်။
အလွမ်းဆိုသည်က ငယ်ရွယ်စဉ်မှာ အများအား
ဖြင့် ဖြစ်ပေါ်တတ်သည်ဟု အကြမ်းအားဖြင့်
သတ်မှတ်ကြသည်။ သို့ပေသိ အသက်အရွယ်
ရလာသူများအဖို့လည်း အလွမ်းဆိုသည်က
ပိုမို သိပ်သည်းလာသောအရာဖြစ်ပေမည်။
တခါတရံ အလွမ်းနှင့် အမှတ်တရကို ရောထွေ
နေတတ်ပြန်သည်။ ငယ်စဉ်က အလွမ်းတို့နှင့်
ပြည့်နေပါလျှင် အရွယ်ရလာသည့်အခါ
အမှတ်တရတို့က နေရာမလပ်ပါလေ။

မိုးသားခဲ‌ရောင်များအောက်က စိန်ပန်း‌နီနီများ
ကို မြင်တော့လည်း စိတ်ကလွင့်မျောမိသည်။
ကိုယ့်အရွယ်က အလွမ်းရဲ့ အရွယ်လွန်မှာ ရောက်နေ
သည်ဟု ပြောရမလားလေ။ အလွမ်းဆိုသည့်
အရာကလည်း တိုက်ဆိုင်မှုရှိသည့်အခါ။
ရာသီဥတု အပြောင်းအလဲမှာ၊ နေရာ အပြောင်း
အလဲမှာ ရံဖန်ရံခါဖြစ်ပေါ်တတ်သောအရာဟု
ကျွန်တော်က ဆိုချင်သည်။ ယခုလို မိုးဦးစော
သည့် စိန်ပန်းပွင့် ရာသီမှာလည်း လွမ်းသလိုလို
ဖြစ်ပေါ်ရပါသည်။ အနီရောင်ဆိုသည်က
ရဲရင်ခြင်း၊ ပြတ်သားခြင်းသဘော။ အလွမ်း
ဆိုသည်ကရော မည်သည့်သဘောပါလိမ့်။

စိန်ပန်းနီနီ အလွမ်းစိန်ပန်းများကို ရေ‌နွေးဖျော၍
သုပ်စားကြသတဲ့။ ကျွန်တော်ကတော့ စိန်ပန်းသုပ်ကို
မစားဖူးသေး။ အမေပြောသလို အရွက်၊ အပွင့်က
တော်တော် သူ့ထဲ ထည့်ရတဲ့ အစာက ကောင်းတာ
ဆိုသလို။ အချို့ အသီးအရွက်များက ဆေးဖက်ဝင်
အောင် သုပ်စားကြသည်။ အချို့အရွက်၊ အပွင့်တို့က
သူနဂိုရှိရင်းက အရသာရှိသည်။ မြေပဲ ဘာညာ
တို့ဖြင့် ရောသမ သုပ်သည့်အခါ ပို၍ စားကောင်းသည်။
သို့ပေသိ အချို့သော အသီး၊ အရွက်၊ အပွင့်
များက မြေပဲ၊ နှမ်းစသဖြင့် အစာများပါမှ စားကောင်း
စေသည်။ တခါတလေ ကျွန်တော်သည် အလွမ်းတွေကို
သုပ်စားဖို့ စိတ်ကူးနေပြန်သည်။

@htwegyi
May 25, 2025

Sort:  


🎉🎉🥳 Congratulations 🥳🎊🎊


Your post has just been curated and upvoted by Ecency


keep up the good work



Join us on the Ecency Discord

Congratulations @htwegyi! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You received more than 90000 upvotes.
Your next target is to reach 95000 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP